CLEANROOM HVAC

Cleanroom HVAC

Cleanroom ဆိုတာ Special Manufacturing Process တွေအတွက် တည်ဆောက်ထားတဲ့ Special Environment လို့ ကျွန်တော် ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Cleanroom M&E ထဲက ACMV System အောက်မှာ ဘာတွေ ပါလဲဆိုတော့

Chiller

Cooling Tower

Chilled Water Pump

Condenser Water Pump

Dry Coil (DC)

Heat Exchanger (HEX)

Dry Coil Heat Exchanger Pump

Fan Filter Unit (FFU)

Make Up Air Unit (MAU) စသည့် Equipment တွေ ပါဝင်ပါတယ်။

HEAT EXCHANGER

DRY COIL

အပေါ်က ဖော်ပြခဲ့တဲ့ Equipment တွေမှာ Chiller, Cooling Tower တွေ Pump တွေက အားလုံး ရင်းနီးပြီးသား ဖြစ်နိုင်ပေမယ့် Dry Coil, Heat Exchanger, Dry Coil Heat Exchanger Pump, Fan Filter Unit စတာတွေကတော့ ပုံမှန် ACMV system မှာ ပါဝင်တဲ့အရာတွေ မဟုတ်ပါဘူး။

DRY COIL INSTALLATION

Dry Coil ဆိုတာ Air Handling Unit ထဲက Cooling Coil လိုပါပဲ။ ဒါပေမယ့် Cooling Coil နဲ့ ကွာတဲ့အချက်ရှိပါတယ်။ ဘာကွာလဲ ဆိုတော့ Dry Coil က Condensation မဖြစ်ပါဘူး။ အဲ့ဒါကြောင့် Dry Coil လို့ ခေါ်တာပါ။ ပြီးတော့ Cooling Coil က AHU or MAU ရဲ့ အထဲမှာ ထည့်သွင်းတည်ဆောက်ထားပေမယ့် Dry Coil ကတော့ အပြင်မှာ ထုတ်ထားတာပါ။ ပိုရှင်းအောင် ပြောရရင် Dry Coil တွေကို Cleanroom ရဲ့ Ceiling အပေါ် ဒါမှမဟုတ် Raised floor အောက်မှာ တပ်ဆင်ထားတာပါ။ဘာကြောင့် Condensation မဖြစ်လဲ။ Condensation မဖြစ်အောင် ဘလိုလုပ်လဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင်။ ဘာကြောင့် Condensation မဖြစ်လဲဆိုတော့ Dry coil ထဲ ဝင်တဲ့ water supply နဲ့ Return Temperature ကို Cleanroom ရဲ့ Dew Point Temperature အထက်မှာပဲ ထားတဲ့အတွက် condensation မဖြစ်တာပါ။ Cleanroom Dew point temperature ကိုသိဖို့အတွက်ဆို ကျွန်တော်တို့ Psychrometric Chart ကိုဖတ်တတ်ဖို့လိုပါတယ်။ psychometric chart ကနေ room dew point temperature သိပြီဆိုရင် dry coil ကိုပေးရမယ့် Supply and Return water temperature ကိုလည်း ခန့်မှန်းလို့ရပါပြီ။အဲ့လိုခန့်မှန်းလို့ရပီဆိုရင် Water Supply and Return Temperature ကို စဉ်းစားရပါတော့မယ်။ မစဉ်းစားခင်မှာ HVAC Engineers တွေအနေနဲ့ Chiller နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ chilled water supply and return temperature တွေ သိထားဖို့လိုပါတယ်။ Chilled water supply temperature က 6.5 Deg C to 7 Deg C ပတ်ဝန်းကျင်လောက်ရှိပါတယ်။ အဲ့တော့ အထက်ပါ အပူချိန်တွေဟာ ကျွန်တော်တို့ Design လုပ်မယ့် room ရဲ့ Dew Point Temperature အောက်ကို ရောက်နေတယ်ဆိုရင် condensation ဖြစ်ပါတော့မယ်။ အဲ့တော့ condensation မဖြစ်အောင် room ရဲ့ Dew point temperature အထက်ရှိတဲ့ water supply ကို Provide လုပ်ပေးရပါတယ်။ ဥပမာ Room ရဲ့ Dew Point Temperature က 9.5 Deg C ဆိုရင် chiller ကနေလာတဲ့ 7 Deg C chilled water ကိုပေးလို့မရပါဘူး။ 12 Deg C လောက်ရှိတဲ့ water ကို supply ပေးရပါမယ်။ 12 Deg C water supply ရအောင် ဘလိုလုပ်မလဲ….??? Heat Exchanger နဲ့ Pump တွေသုံးပြီး secondary chilled water circuit တစ်ခု ဖတ်တီးပေးဖို့ပါပဲ။ 7 Deg C ကနေ 12 Deg C ရအောင် Heat Exchange လုပ်ပြီး Dry Coil တွေကို Supply လုပ်ပေးတာပါ။

MAU (MAKE-UP AIR UNIT)

CLEANROOM RETURN AIR CHASE (RETURN AIR CHAMBER)

နောက်မှ Cleanroom ACMV အကြောင်း ဆက်ရေးပါဦးမယ်။ Dry coil နဲ့ Heat Exchanger ပုံတွေ လေ့လာလို့ရအောင် တစ်ခါတည်း တွဲပြီးဖော်ပြထားပါတယ်။

Leave a comment