hvac pLANT – EQUIPMENT ARRANGEMENT

  • ACMV Equipments တွေကို Plantroom ထဲမှာ ဘယ်လိုနေရာချမလဲ

အင်ဂျင်နီယာ လုပ်ရတာ တစ်ခါတစ်လေ စိတ်ကုန်ဖို့ကောင်းသလို တစ်ခုခုမှားရင် ကိုယ်ပဲ ခံရမှာ။ ဒါပေမယ့် Project တွေပြီးသွားရင်လည်း ကိုယ်တိုင်လုပ်ခဲ့တဲ့ Project ကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။ ဒီတစ်ခေါက်မှာတော့ M&E Engineers တွေ သိသင့်တဲ့ ACMV System ရဲ့ Plant room တွေဘလိုနေရာချမလဲ၊ ဘာတွေကို အဓိကထား စဉ်းစားလဲဆိုတာပြောပြသွားပါမယ်။

Plant room တစ်ခုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာ ACMV Equipment, eg AHU, Dehumidifier, FAN, pumps, Chillers တွေရဲ့ actual dimension တွေကို သိနေရမှာဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Chillers, Chilled water pump, condenser water pumps တွေကို Plant Room တစ်ခုထဲမှာ ထားကြပြီး အချို့သော Project တွေမှာဆို AHU ( Air Handling Unit) တွေကိုပါ Chiller Plant Room မှာ တွဲထားလေ့ရှိပါတယ်။ ကျွန်တော်တို့ Plant Room လုပ်တဲ့အခါ ကိုယ်တိုင် design လုပ်မယ်ဆို ကိုယ့်စိတ်ကြိုက် အဆင်ပြေသလို ထားလို့ရပေမယ့် Consultant ကချပေးတဲ့ Project တွေမှာဆို Conceptual Deaign ပါလာပြီးသားဖြစ်တာကြောင့် သူတို့ပေးထားတဲ့အတိုင်း လုပ်ဖို့ လိုအပ်ပါတယ်။

Conceptual Design ဆိုတဲ့အတိုင်း အတိအကျ detail တွေမပါပဲ အကြမ်းလောက်သာ ဖော်ပြထားတာကြောင့် Engineer တွေအနေနဲ့ Equipment တစ်ခုစီတိုင်းကို သေချာစစ်ဆေးပေးဖို့ လိုအပ်ပါတယ်။M&E Engineers တွေအတွက် ပေးထားတဲ့ အခန်းထဲမှာ Maintenance လုံလောက်တဲ့ အကျယ်အဝန်းရှိမရှိ… အခြား service တွေနဲ့ ငြိနေလား… ဒါတင်မကဘူး … အထပ်မြင့်တွေဆိုရင် Weight တွေပါစစ်ပီး Floor က ခံနိုင်ရေရှိမရှိသိနိုင်ဖို့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေနဲ့ စစ်ဆေးရပါတယ်။အဲ့​တော့ ကျွန်တော်တို့ Chiller Plant Room တစ်ခုမှာ ACMV Equipments တွေနေရာ ချထားဖို့လိုအပ်ချက်တွေကို လေ့လာကြည့်ရအောင်…..

1. Equipments အမျိုးအစား ဘယ်နှစ်ခုရှိလဲ ဆိုတာ သိရပါမယ်။ (Equipments ဆိုတာက ဥပမာပြောရရင် Chillers, Cooling Towers, Chilled water pumps, condenser water pumps, AHU(Air Handling Units), FCU(Fan Coil Unit), Fans, Heat Exchangers, etc…) စသည့် အရာတွေဖြစ်ပါတယ်။

2. Equipments’ Brand တွေ သိရပါမယ်။(ဥပမာ ကိုယ်သုံးတဲ့ equipments brand က Daikin, Mitsubishi,etc)

3. Equipments’ Brand တွေသိပြီဆိုရင် ကိုယ်သုံးမယ့် Equipments တွေရဲ့ Physical Dimensions တွေကို စစ်ရပါမယ်။ မသိရင် သက်ဆိုင်ရာ Supplier တွေဆီကနေ တောင်းယူလို့ရပါတယ်။ Equipments Dimensions တွေ၊ Drawings တွေ အကုန်တောင်းယူရပါမယ်။

4. Suppliers တွေဆီကနေ Detail Drawings တွေ ရပြီဆိုတာနဲ့ ကိုယ့်အတွက်ပေးထားတဲ့ Plant Room မှာ Equipments တွေကိုနေရာချရပါမယ်။

5. Equipments တွေကို နေရာချပြီးရင် အထက်ပါ Equipments တွေကို Maintenance လုပ်ဖို့အတွက် လုံလောက်တဲ့ နေရာအကျယ်အဝန်း ရှိမရှိ စစ်ဆေးရပါမယ်။ မရှိရင် ကိုယ့်ရဲ့ Equipment Layout ကို လိုအပ်သလို ပြောင်းလဲနိုင်သလို သက်ဆိုင်ရာ Main Contractor ကိုလည်း ပြောပြပီး နေရာတောင်းရမှာ ဖြစ်ပါတယ်။ Equipments တွေအတွက် Maintenance Space Requirements ကို Supplier တွေဆီကနေ တစ်ခါတည်း တောင်းယူထားရမှာပါ။

6. Plinth ပြင်ဆင်ခြင်း…. အပေါ်က အဆင့်တွေအတိုင်း Equipments တွေကိုနေရာချပြီးပြီဆိုရင် Equipments တွေအတွက် Plinth size တွေ ထုတ်ပေးရပါမယ်။ ဒီ Equipments တွေကို Plinth အပေါ်မှာ ထားမှာ ဖြစ်တာကြောင့် plinth size က equipments ထက် ကြီးနေရပါမယ်။ Plinth Size တွေ ပြင်ဆင်ပြီးရင် သက်ဆိုင်ရာ Equipments တွေရဲ့ Operating Weight (kg) ကိုသက်ဆိုင်ရာ Plinth ပေါ်မှာ ဖော်ပြပေးရပါမယ်။ Operating Weight ကို သက်ဆိုင်ရာ Supplier ဆီကနေ တောင်းယူရမှာပါ။

အထက်ပါ အချက်တွေကို လုပ်ဆောင်ပြီးရင် Plantroom ထဲမှာ Equipments တွေကို နေရာချလို့ ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ Plantroom အတွက် M&E coordinations ဆက်လုပ်ဖို့ လိုအပ်နေသေးသလို ACMV system ရဲ့ အသက်ဖြစ်တဲ့ Air Distribution နဲ့ Water Distribution တွေ ပါလာတော့မှာဖြစ်လို့ သေချာဂရုစိုက်ပြီး လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် အပြောင်းအလဲ လုပ်ပေးရပါမယ်။နောက်ရက်တွေမှာ အချိန်ရရင် ကျန်တဲ့အပိုင်းတွေ ဆက်ရေးပေးပါ့မယ်။ကျွန်တော်လုပ်ခဲ့တဲ့ Project အချို့က ပုံတွေရယ် Drawings တွေရယ် ဖော်ပြပေးထားပါတယ်။

Duct Sizing By Equal Friction Method

Duct Sizing
ပြီးခဲ့တဲ့ တစ်ပတ်က ကျွန်တော် MV system အတွက် Airflow ဘယ်လိုတွက်ရလဲဆိုတာ ရေးခဲ့ပါတယ်။ အခု တွက်ထားတဲ့ airflow ကိုအခြေခံပြီး duct size ဘယ်လို တွက်မလဲ ဆိုတာ ဆက်ရေးပါမယ်။
ပုံမှာပြထားတဲ့ Layout အတိုင်း အခု ကျွန်တော် အခန်းရဲ့ area ကိုအရင် စတွက်ပါမယ်။
ဥပမာ 20m (L) x 12m (w) x 3m (H) ရှိတဲ့ Canteen တစ်ခုဆိုပါတော့ဗျာ…
Room Area = L x W = 20 x 12 = 240 m2
Room Volume = Area x Height
= 240 m2 x 3 m = 720 m3
Canteen ဖြစ်တဲ့အတွက်ကြောင့် air change rate က Minimum 10 air change / hour ဖြစ်ပါတယ်။
အဲ့ဒါကြောင့်
Require Airflow = 720 m3 x 10 air change = 7200 CMH
ဒီနေရာမှာ unit အကြောင်းသိထားဖို့လိုပါတယ်။
CMH = cubic meter per hour
တစ်နာရီမှာ စီးဆင်းတဲ့ လေထုထည်ပမာဏပါ။
မြန်မာပြည်မှာကတော့ Imperial unit သုံးတာဖြစ်လို့
CFM = cubic feet per minute ကိုသုံးပါတယ်။
ကျွန်တော်တို့ အပေါ်မှာ တွက်ထားတာ 7200 CMH ဖြစ်လို့ အခန်းထဲကို fresh air ထည့်ပေးတဲ့အခါ 7200 CMH ကိုတစ်ခါတည်းမပေးပဲ fresh air grille လေးတွေနဲ့ခွဲပေးပါတယ်။
Fresh air grille ဘယ်နှစ်ခု ခွဲပေးမလဲဆိုတာကတော့ ဒီဇိုင်းလုပ်တဲ့သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။
ကျွန်တော်က ၁၀ ခုခွဲပေးမယ်လို့ ဆုံးဖြတ်ထားတော့
7200 CMH / 10 Nos = 720 CMH Each
Grille တစ်ခုစီမှာ 720 CMH စီပေးရပါမယ်။
6 ခုပေးမယ်ဆိုရင် design Airflow ကို 6 နဲ့စားပါ။
အဲ့ဒါဆို Grille တစ်ခုချင်းစီအတွက် Airflow rate ကိုရပါလိမ့်မယ်။
ပြီးရင် ကျွန်တော်အဲ့ဒီ Grille 10 ခုကိုနေရာချပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း Grillle တစ်ခုစီမှာ 720 CMH ကျွန်တော်ပေးပြီးပါပြီ။
ပြီးတာနဲ့ Duct Sizing လုပ်ရပါတော့မယ်။
အရင်းဆုံး Grille တစ်ခုစီ တပ်ထားတဲ့ အရောင်မခြယ်ထားတဲ့ duct section ကိုကြည့်ပါ။အဲ့ဒီမှာ စီးနေတဲ့ Airflow rate က grille တစ်ခုတည်းစာအတွက်ဖြစ်လို့ 720 CMH ပါ။
အဲ့ဒါဆိုရင် အဲ့ဒီ Grille ကိုသွားတဲ့ Duct ကလည်း 720 CMH အတွက်လုံလောက်တဲ့ Size ဖြစ်
ပါမယ်။
Duct sizing လုပ်တဲ့နေရာမှာ ကျွန်တော်တို့ BE Mechanical မှာသင်ခဲ့တဲ့ Method တွေအများကြီးရှိပါ။

Equal Friction Method
Loss Coefficient Method
Equivalent Length Method, etc,,,,
စသဖြင့် နည်းများစွာရှိတဲ့ အထဲကနေ လုပ်ငန်းခွင်မှာ အသုံးအများဆုံးဖြစ်တဲ့ Equal Friction Method ကိုသုံးပြီးတွက်ပါမယ်။
Equal Friction Method ဆိုတာ duct system တစ်ခုလုံးရဲ့ ဘယ်နေရာမှာမဆို Friction Loss က အတူတူပဲလို့ ယူဆပြီးတွက်တာပါ။
Friction Loss ကို standard ယူနေကြအတိုင်း duct system အတွက်ဆိုရင် 1 Pa/m နဲ့ယူတွက်ပါတယ်။
Duct 1 m ပြေးတိုင်းမှာ Pressure drop 1 Pa ဖြစ်တယ်လို့ယူဆတာပါ။
ပထမဦးဆုံး 720 CMH ပေးထားတဲ့ အရောင်မခြယ်ထားတဲ့ duction section ကိုကြည့်ပါ။
Airflow = 720 CMH
Friction loss က 1 Pa/m
ပြီးရင် ကျွန်တော်တို့ Friction loss Chart မှာသွားကြည့်ပါမယ်။
Friction loss chart ကိုကြည့်လိုက်ရင်
Airflow Rate ကို ကျွန်တော် လိမ္မော်ရောင်နဲ့ပြထားပါတယ်။
Pressure Drop ကို အစိမ်းရောင်နဲ့ပြထားပါတယ်။
Velocity ကို အပြာရောင်
Duct Size ကို ပန်းရောင်
စသဖြင့် အရောင်သုံးပြီး ခွဲပြထားပါတယ်။
စပြီးတွက်လို့ရပါပြီ။
Friction loss chart မှာ airflow rate ရဲ့ ယူနစ်က Litre/s ဖြစ်နေပါတယ်။
အဲ့တော့ ကျွန်တော်တို့ 720 CMH ကို Litre / s ပြောင်းပေးပါမယ်။
1 L/s = 3.6 CMH
For 720 CMH , 720/3.6 = 200 Litre/s
Friction Loss chart ရဲ့ 200 L/s နဲ့ pressure drop 1 Pa/m ဆုံတဲ့နေရာကိုကြည့်ပါ။
ကျွန်တော် အဝါရောင် လိုင်းတွေနဲ့ ဆွဲပြထားပါတယ်။
အဲ့ဒီလိုင်းဆုံတဲ့နေရာက duct size က diameter 200 နဲ့ 250 ကြားထဲမှာပါ။ ကျွန်တော်တို့အနီးဆုံး တန်ဖိုးကို ယူမှာဖြစ်တဲ့အတွက် diameter 250 mm ကိုရွေးလိုက်ပါပြီ။

Velocity ဘယ်လောက်လဲလို့သိချင်ရင် ခုနက အဝါရောင် မျဉ်းနှစ်ကြောင်း ဆုံတဲ့နေရာမှာ velocity မျဉ်းနဲ့အပြိုင် မျဉ်းတစ်ကြောင်းဆွဲလိုက်ပါ။
ကျွန်တော် အပြာရောင် မျဉ်းနဲ့ပြထားပါတယ်။
Chart ထဲက result အရဆိုရင် velocity က 4.1 m/s ဝန်းကျင်မှာပါ။
အဲ့ဒါကို ကျွန်တော်တို့မှန် မမှန်သိချင်ရင် BE Mechanical ရဲ့ 2nd semester မှာ သင်ခဲ့တဲ့
Airflow = Area x velocity နဲ့ ပြန်ရှာကြည့်လို့ရပါတယ်။
ကျွန်တော်တို့ duct ရဲ့ area ကို အရင်ရှာရပါမယ်။
Circular duct ဖြစ်တာကြောင့်
စက်ဝိုင်း ဧရိယာ = 3.14r2 နဲ့ရှာပါမယ်။
= 3.14 x (0.125)2= 0.049 m2
ဒီနေရာမှာ 0.125 ကျွန်တော် ဘယ်ကရလဲဆိုတာ ရှင်းဖို့လိုလာပါပြီ။
ကျွန်တော်တို့ အပေါ်မှာ ရွေးထားခဲ့တာ duct diameter ကို 250 ရွေးထားခဲ့ပါတယ်။
စက်ဝိုင်း အချင်းဝက် r ကိုလိုချင်ရင် diameter/2
အဲ့ဒါကြောင့် 250 /2 = 125 mm ပြောင်းတော့ 0.125 m
အဲ့ဒါကို formula မှာ ထည့်ရှင်းတော့
Duct area = 0.049 m2 ရပါတယ်။
Area ရပြီဆိုရင် formula မှာထည့်ရှင်းပါမယ်။
Airflow = Area x Velocity
720 CMH/3600s = 0.049m2 x Velocity
Velocity = 4.08 m/s
ကျွန်တော်တို့ friction loss chart မှာ ကြည့်ခဲ့တာက Velocity 4.1 m/s ဖြစ်လို့ မှန်ပါတယ်။
အဲ့ဒါဆို ကျွန်တော်တို့ 720 CMH အတွက်
Duct size = diameter 250mm
Area = 0.049 m2
Velocity = 4.1 m/s ရပါပြီ။

တကယ်လို့ circular duct မလိုချင်ဘူး။
Rectangular duct လိုချင်တယ်ဆိုပါတော့…
ခုနက ရထားတဲ့ area 0.049m2 ကို square root ရှာလိုက်ပါ။
Square root of 0.049 = 0.225 m ဆိုပြီး ရပါတယ်။
unit ကို mm ပြန်ပြောင်းတော့ 225 mmပါ။
အဲ့ဒါဆို rectangular duct size = 225×225 ဆိုပြီးရပါပြီ။
အလျား 225 mm နဲ့ အနံ 225 mm ပါ။
ဒါပေမယ့်စျေးကွက်မှာ အဲ့လိုမျိုးမှာမရပါဘူး။
အနီးစပ်ဆုံး 250×250 ကိုရွေးရပါတယ်။
ဒါမှမဟုတ် တစ်ဖက်ကို ပုံသေ 200 mm လိုချင်တယ်ဆိုပါတော့ဗျာ…
ခုနက ရထားတဲ့ area 0.049 m2 ကို 0.2နဲ့စားပါ
0.049/0.2 = 0.249 m2
အနီးစပ်ဆုံး ယူတော့ 0.25 mm
ယူနစ်ပြန်ပြောင်းတော့ 250 mm
အဲ့ဒါကြောင့် airflow rate 720 CMH ရှိတဲ့ duct size ဟာ 250×200 ဖြစ်ပါတယ်။
အလျား 250 x အနံ 200 ပါ။
Layout မှာပြန်ကြည့်ရင်လည်း ကျွန်တော် အဲ့ဒီ size ကို ရွေးထားတာတွေ့ရမှာပါ။
ဒုတိယ အနေနဲ့ အစိမ်းရောင်ခြယ်ထားတဲ့ duct section ကိုကြည့်ပါ။အဲ့ဒီ duct section နေရာမှာဆို airflow က diffuser 2 ခုစာဖြစ်လို့
720×2 = 1440 CMH
အဲ့ဒါဆိုရင် 1440 CMH ကို L/ s ပြောင်းချင်တော့ 3.6 နဲ့စားပါ။
1440 /3.6 = 400L/s
ပြီးရင် ပုံမှာပြထားတဲ့အတိုင်း friction loss chart မှာ 400 L/sနဲ့ 1 Pa/m တို့ဆုံတဲ့နေရာမှာ duct size ကိုရွေးပါ။
အားလုံးကို ကျွန်တော် အပေါ်မှာ ရှင်းပြခဲ့သလို တစ်ခုချင်းပြန်တွက်ရင် 1440 CMH အတွက် duct size ရပါပြီ။
For 1440 CMH , 300×250 FAD
FAD = Fresh Air Duct
ပြီးရင် လိမ္မော်ရောင် ပြထားတဲ့ duct section အတွက် 720 x 4 = 2880 CMH… စသဖြင့် အဆုံးအထိရှာပါ။ အဲ့ဒါဆို duct size ကိုရွေးတတ်သွားပါလိမ့်မယ်။

Air Flow Patterns in Cleanroom

Airflow Patterns in Cleanroom – Part 1Design Engineer တွေ Cleanroom Design လုပ်ဖို့အတွက် ပထမဆုံးအရေးကြီး ရွေးခြယ်ရမယ့် အချက်က Airfllw Pattern Configuration ကိုဆုံးဖြတ်ပေးဖို့ပါ။ Airflow Pattern Configuration ကိုဆုံးဖြတ်ဖို့အတွက် အောက်ပါ အချက်အလက်တွေအပေါ်မူတည်နေပါတယ်။

Available Space for air pattern control equipments

Air Pattern Control Equipment တွေက ဘာတွေလဲဆိုတော့ Air Handling Unit (AHU) , Make-up Air Unit (MAU), etc… စသည်တို့ဖြစ်ပြီး အခြားထည့်စဉ်းစားရမယ့် အချက်တွေက Workstations တွေ, Process Exhaust တွေ, Process Equipment Layout တွေ အပြင် Client ဘက်က ဘတ်ဂျက် အနေအထား အပေါ်မူတည်ပြီး ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

Process Exhaust System တွေကို user requirements အပေါ်မူတည်ပြီး စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ Cleanroom Design Engineer တစ်ယောက်အနေနဲ့ client ဆီကပေးတဲ့ Tools Utilities Matrix ကို လေ့လာပြီး ပြီး Process Exhaust System တွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။Process Equipment Layout တွေကိုလည်း Client or Users တွေဆီကနေ တောင်းယူဖို့ လိုအပ်ပါတယ်။

အဲ့တော့ Airflow Pattern Configuration အကြောင်းဆက်လေ့လာမယ်ဆိုရင် အဓိက အားဖြင့် နှစ်မျိုး ခွဲခြားထားတာကိုတွေ့ရမှာပါ။ ဘာတွေလဲ ဆိုတော့ * Unidirectional Airflow and * Non-unidirectional Airflow ဆိုပြီး ခွဲခြားထားတာပါ။

ISO class 5 Cleanroom တွေအတွက်ဆို ယျေဘူယျအားဖြင့် Unidirectional Airflow Pattern တွေကိုအသုံးများပြီးISO class 6(ISO 2015) Cleanroom ဒါမှမဟုတ် သူ့ထက်နိမ့်တဲ့ Class တွေမှာ Non-unidirectional Airflow Pattern နဲ့ Mixed Flow pattern တွေကိုအသုံးများကြပါတယ်။

Unidirectional Airflow Pattern မှာ ပုံစံ နှစ်မျိုးရှိပါတယ်။ ဘာတွေလဲဆိုတော့ Vertical and Horizontal Airflow Pattern ပါ။ စင်္ကာပူမှာကျွန်တော် ပါဝင် Design ထုတ်ခဲ့တဲ့ Unidirectional Airflow Pattern သုံးတဲ့ Cleanroom တွေဟာ Vertical Airflow Pattern တွေပဲဖြစ်ပါတယ်။Unidirectional Airflow Pattern ကိုသုံးရတဲ့ ရည်ရွယ်ချက်ကတော့ Airstream ပိုကောင်းဖို့ရယ်၊Cleanroom ထဲမှာ Air Turbulence ကို တတ်နိုင်သမျှ လျှော့ချ နိုင်ဖို့ ဖြစ်ပါတယ်။

Unidirectional Airflow Pattern သုံးတဲ့ Cleanroom တွေဟာ High Air Velocity, High Air change rates လိုအပ်တဲ့အပြင် HEPA filter (High Efficiency Particulate Air) နဲ့ULPA filter (Ultra Low Particulate Air) စသည်တို့ ကို လိုအပ်ပါတယ်။ Vertical or Horizontal Airflow pattern မည်သည့် Airflow Pattern ကို သုံးသည်ဖြစ်စေ အရေးကြီးတဲ့ အချက်ကတော့ Cleanroom ရဲ့ Critical Zones ထဲမှာ Airflow pattern disrupted ဖြစ်တာကို တတ်နိုင်သမျှ နည်းအောင် Design လုပ်ဖို့ပဲ ဖြစ်ပါတယ်။

Non-unidirectional Airflow Pattern Configuration မှာဆိုရင်တော့ Cleanroom ထဲကိုပေးတဲ့ Supply Air ဟာ ceiling ပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ပေးနိုင်ပြီး Return air ကတော့ Low sidewall return ပုံစံဖြစ်ပါတယ်။

Ceiling Mounted HEPA filters တွေဟာ Cleanroom area တစ်ခုလုံးမှာ equal intervals သို့မဟုတ် near equal intervals ပုံစံမျိုး တပ်ဆင်ထားလေ့ရှိပြီး Critical area အပေါ်တွေကိုလည်း Group အလိုက် Zones အလိုက် တပ်ဆင်လေ့ရှိပါတယ်။ HEPA filters တွေကို AHU discharge side ဒါမှမဟုတ် RFU (Recirculation Fan Unit) တွေရဲ့ Discharge မှာတပ်ဆင်ပြီး Cleanroom ထဲကို Supply Air ပေးလို့ရပါတယ်။ အဲ့လိုတပ်ဆင်ခြင်းဖြင့် HEPA filter တွေ လဲလှယ်တဲ့အခါ Cleanroom Ceiling မှာ လဲစရာမလိုပဲ Mechanical Room ထဲမှာ အလွယ်တကူ လဲလှယ်နိုင်မှာ ဖြစ်ပါတယ်။

Perforated Raised Floor

Perforated Raised Floor :

Cleanroom အခန်းထဲက လေတွေကို Return Air chamber ဆီရောက်ဖို့အတွက် Perforated Raised Floor ကိုသုံးပါတယ်။ အခန်းထဲက လေတွေဟာ Floor က အပေါက်ငယ်လေးတွေမှတစ်ဆင့် အောက်ခြေအထိ ဆင်းသွားပြီး Return Air Chamber တွေကိုရောက်ပါတယ်။Raised Floor Pedestal Cleanroom Raised floor ကိုတပ်ဆင်တဲ့အခါ Raised floor ကို အောက်ကနေ support ပေးထားတာကိုခေါ်တာပါ။ Raised floor pedestal ကလည်း ထိလို့မရတဲ့အထဲမှာပါ ပါတယ်။

Raised Floor Return မဟုတ်ပဲ Side wall Return ပုံစံနဲ့ သွားမယ်ဆိုရင် Cleanroom ထဲမှာ ရှိတဲ့ Production Equipment တွေ နဲ့ အခြားပစ္စည်းတွေကြောင့် Airflow Pattern ကို အနည်းနဲ့အများ ထိခိုက်နိုင်ပါတယ်။Raised Floor Air Return ကိုသုံးခြင်းအားဖြင့် ရနိုင်တဲ့ advantages တွေကတော့ Return Air ကို အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ခြင်းRaised floor မှာ space လုံလုံလောက်လောက် ရှိမယ်ဆိုရင် Utilities Services တွေကိုလည်း အဆင်ပြေစွာ နေရာချထားပေးနိုင်မှာ ဖြစ်ပါတယ်။

ASHRAE Handbook အရ Semiconductor Wafer Fab Cleanroom တွေမှာသုံးတဲ့ Raised floor တွေကတော့ 600mm 600mm cast aluminium alloy grate panels တွေဖြစ်ပြီး Finishing အနေနဲ့ dissipative powder-coated epoxy finish ဖြစ်ရပါမယ်။Raised floor system က Heavy Duty design minimum requirements အနေနဲ့(16.8 kN/m2) ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်ဆောက်မယ့် Cleanroom ရဲ့ requirements အပေါ်မူတည်ပြီး Raised floor loading ကိုရွေးခြယ်ပေးရမှာပါ။Raised floor drawing ကို ဗဟုသုတအဖြစ် ဖော်ပြပေးထားပါတယ်။

Reference: ASHRAE Design Guide for Cleanroom

RAISED FLOOR LAYOUT

PROCESS COOLING WATER SYSTEM (PCW) PART 4

 PROCESS COOLING WATER SYSTEMMechanical Room ထဲက Equipment တွေ Header Pipes တွေကို နေရာချလို့ ပြီးပြီ ဆိုရင် နောက်ထပ်စဉ်းစားဖို့လိုအပ်လာတာက PCW distribution အပိုင်းဖြစ်ပါတယ်။Plant room တွေဟာ Cleanroom ကနေ ခွဲထွက်ပြီး အခြားနေရာမှာ ရှိနေတာ ဖြစ်တာကြောင့် Process Cooling Water တွေ Cleanroom ထဲကို ပြန်ပြီး Supply ပေးတဲ့အခါ ကျွန်တော်တို့အနေနဲ့ Cleanroom Ceiling ပေါ်ကနေ pipe တွေ ပြေးမလား… ဒါမှမဟုတ် Raised floor ပါတဲ့ Cleanroom တွေမှာဆို Raised floor အောက်က ပြေးမလား.. စသည်ဖြင့် ဆုံးဖြတ်ဖို့ လိုအပ်လာပါပြီ။

အဲ့လို ဆုံးဖြတ်ပြီးမှသာ water distribution အပိုင်းကို ဆက်သွားလို့ရမှာပါ။ အဲ့တော့ Design Engineer တွေအနေနဲ့ Cleanroom Facility Team ကပေးထားတဲ့ Cleanroom ထဲမှာပါဝင်တဲ့ Tools or Machine Layout နဲ့ Utilities Matrix ကိုဖတ်ယူဖို့ အရေးကြီးလာပါပြီ။ Utilities Matrix မှာ ဘာတွေ ဖော်ပြထားလဲ ဆိုတော့ Cleanroom ထဲက သုံးမယ့် Tools ​and Machines တွေရဲ့ လိုအပ်တဲ့ water flow rate တွေ၊ Exhaust flow rate တွေ၊ Electrical Power requirement တွေကို ဖော်ပြထားပါတယ်။

Tools Utilities Matrix ဟာ ဘယ်လောက် အရေးကြီးလဲဆိုတော့ Cleanroom Facility တစ်ခုလုံးအတွက် မရှိမဖြစ်ပါပဲ။ Cleanroom HVAC system ကို comfort and cooling လုပ်ဖို့ utilities matrix ကလည်း မဖြစ်မနေ အရေးပါအရာရောက်ပါတယ်။ နောက်မှ Tools Utilities Matrix အကြောင်း သပ်သပ်ရေးပေးပါဦးမယ်။

ဥပမာ အနေနဲ့ Cleanroom ထဲမှာ Machine စုစုပေါင်း ၁၀၀ ခုလောက်ရှိတယ်ဆိုပါစို.. အဲ့ဒီအထဲက Machine တိုင်းဟာ PCW system လိုအပ်ချင်မှ လိုအပ်မယ်။ 100% လည်း လိုအပ်နိုင်သလို 100% လည်း မလိုအပ်နိုင်ပါဘူး။ အဲ့တော့ PCW design လုပ်ပေးဖို့ အတွက် Tools Matrix အပေါ်ပဲ မူတည်နေတာပါ။ အကယ်၍ Machine အခု ၅၀ က PCW လိုအပ်မယ်။ တစ်ခုကို 50 L/m supply ပေးဖို့ လိုအပ်တယ် ဆိုရင် return ကလည်း 50 L/m ပြန်လာမှာပါ။ Design Engineer နဲ့ Drafters တွေဟာ Cleanroom Layout drawings ထဲက Machine Layout ကိုကြည့်ပြီး ဘယ်Machine တွေက PCW system လိုအပ်သလဲဆိုတာ အကြမ်းဖျင်း သိနိုင်ပါပြီ။

Point of use(POUs) တွေ နေရာချခြင်း : PCW pipes တွေကို Supply ပေးရမယ့် Tools တွေအနီးအထိ ရောက်အောင် တပ်ဆင်ပေးပါတယ်။ Tools တွေအနားရောက်ပြီဆိုတာနဲ့ လိုအပ်တဲ့ flow rate အလိုက် Valve တွေကို size တွက်ပြီး အဆင်သင့် တပ်ဆင်ပေးထားဖို့ပါပဲ။ Cleanroom ထဲကို Tools တွေရောက်လာတဲ့အခါ အဆင်သင့် လုပ်ပေးထားတဲ့PCW point out use ကနေတစ်ဆင့် Machine တွေကို Hook up လုပ်ပေးလို့ရပါပြီ။ Point of Use တွေကို Tools တွေနဲ့ Hook up မလုပ်ခင်မှာ Ball valve တွေနဲ့ အဆင်သင့် အနေအထား ဖြစ်အောင် စီစဉ်ပေးထားဖို့လိုပါတယ်။ Ball valves တွေရဲ့ Position ကို Cleanroom Raised floor အောက်က Space အကျယ်အဝန်း, Tools တွေရဲ့ Position, အခြား service တွေနဲ့ ထိခိုက်မှု မရှိအောင် နေရာချတတ်ဖို့ လိုအပ်ပါတယ်။

Pipe Support Below Raised Floor : Cleanroom Raised Floor အောက်မှာ PCW pipes တွေ နဲ့ အခြား M&E system တွေ installation လုပ်တဲ့အခါ M&E common support တွေ လိုအပ်ပါတယ်။ Raised floor ရဲ့ Pedestal တွေဟာ Center to Center 600 mm ခန့်သာရှိပြီး Diameter 60 mmခန့်ရှိတာကြောင့် Raised floor အောက်မှာ တကယ် ရနိုင်တဲ့ spacing ဟာ 550 mm စီပဲရှိပါတယ်။ PCW pipes တွေကို Every 550 mm ရှိတဲ့ spacing တွေထဲမှာ တပ်ဆင်ဖို့ လိုအပ်ပါတယ်။ water pipes တွေဖြစ်တာကြောင့် အောက်ဆုံး အနိမ့်ဆုံး Level မှာပဲ ထားသင့်ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Project က Raised floor အောက်မှာ တပ်ဆင်ထားတဲ့ PCW pipes တွေကို ဥပမာအနေနဲ့ ပုံတွေမှာ ပြထားပါတယ်။

COMMON SUPPORT BELOW RAISED FLOOR

PROCESS COOLING WATER SYSTEM (PCW) PART 3

PROCESS COOLING WATER SYSTEM

Heat Exchanger Selection, Pump Selection စသဖြင့် Equipment selection လုပ်ပြီးပြီဆိုရင် Design အင်ဂျင်နီယာတွေ အနေနဲ့ ဆက်လုပ်ရမယ့် ကိစ္စတွေ အများကြီး ကျန်ပါသေးတယ်။ အဲ့ဒါက ဘာတွေလဲဆိုတော့…

  • Mechanical Room or Plant Room Design
  • Studying Process Tools Layout
  • Process Cooling Water Distribution
  • System Schematic Diagram
  • Piping Layout Drawing

Mechanical Room or Plant Room Process Equipment တွေဖြစ်တဲ့ Heat Exchanger, PCWP, Filters, Tank တွေကို သက်ဆိုင်ရာ Plant Room ထဲမှာနေရာချထားလို့ ရသလို AHU room, Chiller Plant Room စသဖြင့် အခန်းအကျယ်အဝန်းပေါ်မူတည်ပြီး ထားလို့ရပါတယ်။ အဲ့လိုထားဖို့အတွက် Design အင်ဂျင်နီယာတွေအနေနဲ့ သက်ဆိုင်ရာ Facility Management Team နဲ့ညှိနှိုင်းဖို့လိုအပ်ပြီး နေရာ အခက်အခဲရှိပါက လိုအပ်တဲ့ space အကျယ်အဝန်းကို Propose လုပ်ပေးရမှာပါ။

Space အကျယ်အဝန်းဆိုတဲ့ နေရာမှာ Area တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ Piping တွေ တပ်ဆင်ဖို့အတွက် လုံလောက်တဲ့ Height လည်း ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် Equipment တွေအတွက် Maintenance Space ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပြီး Pipes တွေအတွက်လည်း insulation အုပ်ထားတဲ့ Size ကိုထည့်ပြီး စဉ်းစားရပါတယ်။ Pipes တွေဟာ Actual Outside Diameter ဖြစ်ရပါမယ်။ Valves တွေရဲ့ Position ကိုလည်း လူတွေ လက်လှမ်းမှီနိုင်မယ့် နေရာမှာ အတတ်နိုင်ဆုံး ထားပေးရမှာ ဖြစ်ပါတယ်။Valves တွေ, Pipe Fittings တွေရဲ့ Actual Size တွေကို သက်ဆိုင်ရာ Product supplier ဆီကနေ တောင်းယူရပါတယ်။ တပ်ဆင်ဖို့ နေရာ ကျယ်တဲ့အခါ Valves တွေ Pipe fittings Sizes ကြီးတာ ပြသနာမရှိပေမယ့် Cleanroom လို space အကန့်အသတ်ရှိတဲ့ Project တွေဆိုရင် Valve လေးတစ်ခု valve လက်ကိုင် Handle လေးတစ်ခုက အစ အရေးကြီးပါတယ်။ ကိုယ်သုံးတဲ့ pipe တွေရဲ့ catalogue မှာ OD ကိုရှာလို့ရပါတယ်။

ကျွန်တော် ၂၀၁၆ တုန်းက လုပ်ခဲ့တဲ့ Project တစ်ခုမှာ Raised floor အောက် utilities services တွေဆင်တဲ့အချိန် သုံးရတဲ့ valves အချို့ဟာ Handle တွေအရမ်းကြီးနေလို့ ဖွင့်ရပိတ်ရတာ အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် installation လုပ်ပြီးတဲ့အချိန်မှာ Valve အဖွင့်အပိတ် အတွက်လှည့်တဲ့ လက်ကိုင်တွေကို ကိုင်လို့ရတဲ့ အနေအထားတစ်ခုစာချန်ပြီး ဖြတ်ထုတ်ပစ်ရပါတယ်။ ဒီလိုအခြေအနေမျိုးဟာ service တစ်ခုတည်းမှာ ကြုံရတာ မဟုတ်ပဲ အခြား system တွေမှာလည်း ကြုံတွေ့နိုင်တာကြောင့် အစစအရာရာ သတိထားရပါတယ်။

အဲ့တော့ ကျွန်တော်တို့ Plant Room အတွက် Equipment တွေကိုသိပြီးပြီဆိုရင် Equipment တွေရဲ့Actual Size (LxWxH) စသည့် Data တွေကို Plant Room ထဲမှာ နေရာစချရပါတယ်။ Maintenance and servicing space, လူတွေ လမ်းလျှောက်ဖို့နေရာ အကျယ်အဝန်း လုံလောက်စွာ ရှိရပါမယ်။ ပြီးတာနဲ့ သက်ဆိုင်ရာ Equipment တွေအတွက် Plinth Size တွေကို Design Engineer က စီစဉ်ပေးရပါတယ်။ Plinth Height ကို 100 mm, 150 mm စသဖြင့် ကိုယ်လုပ်တဲ့ Project အနေအထားပေါ်မူတည်ပြီး ထားရပါတယ်။Plinth, Equipment Position အဆင်ပြေပြီဆိုတာနဲ့ Main Header Pipes တွေကို နေရာချဖို့ စဉ်းစားပေးရပါတယ်။ BOP (Bottom of pipe) from FFL ဘယ်အမြင့်မှာ ထားမလဲဆိုတာက ကိုယ်သုံးမယ့် Equipment မှာ ပါဝင်တဲ့ Pipe fittings တွေ Valves တွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အဲ့ဒီ Pipe fittings တွေအတွက် နေရာ လုံလောက်စွာ ရှိပြီ ဆိုကာမှ ကျွန်တော်တို့ Header Pipes BOP ကိုဆုံးဖြတ်လို့ရမှာပါ။

Pipe fittings တွေနေရာချရင် အရေးတကြီး သတိထားရမှာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Balancing Valves တွေ၊ Control Valves တွေ၊ Flow meter တွေရဲ့ ထားရမဲ့ Position requirement ပါ။ ဥပမာအနေနဲ့ ပြောရရင် Balancing Valve တွေကို တပ်ဆင်တဲ့အခါ Product Manufacturer အပေါ်မူတည်ပြီး Position Requirement ရှိပါတယ်။ ကိုယ်တပ်မယ့် Balancing Valves တွေရဲ့ Up-stream, Down-stream သတ်မှတ်ထားတဲ့ အကွာအဝေး တစ်ခုမှာ မည်သည့် pipe fittings ကိုမှ တင်ဆင်ဖို့ recommends မပေးထားတာမျိုးပါ။ Product Catalogue တွေမှာ ဘလိုဖော်ပြလေ့ရှိလဲ ဆိုတော့ 5D, 3D စသဖြင့် ဖော်ပြထားလေ့ရှိပါတယ်။အဲ့တော့ 5D, 3D ဆိုတာ ဘာလဲ? 5D ဆိုတာ Diameter x 5 ပါ။ ဥပမာ pipe diameter 200 mm ဆိုရင် 5×200 = 1000 mm ရပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ pipe fittings တွေကို ကိုယ်သုံးမယ့် Balancing Valve ကနေ အနည်းဆုံး 1000mm အကွာအဝေးရောက်မှ စတပ်ရမယ်လို့ ဆိုလိုတာပါ။ ကျွန်တော် ဥပမာ ပုံလေးနဲ့ ပြထားပါတယ်။​Butterfly Valves, temperature gauge, Pressure Gauge စသည်တို့ကို လူတွေ လက်လှမ်းမှီနိုင်တဲ့ အမြင့်မှာ ထားနိုင်ရင် ပိုကောင်းပါတယ်။ ကျွန်တော် ဆွဲထားတဲ့ Drawing တစ်ခုကို Sample အနေနဲ့ ထည့်ပြထားပါတယ်။

SAMPLE DRAWING
BALANCING VALVE INSTALLATION REQUIREMENT

PROCESS COOLING WATER SYSTEM (PCW) PART 2

Process Cooling Water system : Process Cooling Water System တွေ တပ်ဆင်အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားရတာ Design အဆင့်ဖြစ်ပါတယ်။ Design Proposal Drawing ထွက်လာပြီးမှ Shop Drawings အဆင့်ကို ဆက်သွားကြရမှာပါ။ PCW system design အတွက် စပြီးစဉ်းစားတော့မယ်ဆိုရင် Design Engineer တွေအနေနဲ့ သိရမယ့် အချက်တွေရှိပါတယ်။ အဲ့ဒါက ဘာတွေလဲဆိုတော့ အသုံးပြုမယ့် System ရဲ့

  • Temperature Requirements
  • Temperature Difference
  • Pressure Requirements
  • Individual Tools Water Flowrate Requirements
  • Piping Materials စသည်တို့ဖြစ်ပါတယ်။

ဒါအပြင် Existing Facility က ပေးနိုင်တဲ့ Water Temperature က Chilled Water လား ဒါမှမဟုတ် MT Chilled Water လား စသဖြင့် သိထားရမှာပါ။ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို Client ဆီက တောင်းယူရမှာဖြစ်ပြီး Tools Utilities Matrix ကိုလည်း လေ့လာကြည့်ဖို့လိုအပ်ပါတယ်။

PLATE HEAT EXCHANGER

အဲ့ဒီအချက်တွေ သိပြီဆိုရင် ဒီဇိုင်းအဆင့်ကို စပြီး ချည်းကပ်လို့ရပါပြီ။ Tools Utilities Matrix မှာ ဖော်ပြထားတဲ့ Individual Tools တွေအတွက် PCW requirements မှ တစ်ဆင့် System တစ်ခုလုံးစာအတွက် Water Flowrate Requirement ကိုတွက်ယူလို့ရပါတယ်။

ဥပမာ Cleanroom Room ထဲက Tools တွေ Machine တွေ တစ်ခုစီအတွက် 100 L/m လိုအပ်တယ်ဆိုပါစို့… စုစုပေါင်း Tools အရေအတွက်က 50 ရရှိတယ်ဆိုရင် Tools အခု 50 အတွက် စုစုပေါင်း PCW flowrate Requirements က 5000 L/m လို့ ယူဆရပါမယ်။ Future မှာ ရောက်လာနိုင်တဲ့ Machines တွေ Hook-up လုပ်ဖို့ Spares အရေအတွက်​ကို Client ဆီကနေ တောင်းယူနိုင်သလို မရခဲ့ရင်လည်း Estimate လုပ်တတ်ရမှာ ဖြစ်ပါတယ်။

Temperature Requirement သိပြီဆိုတာနဲ့ ကျွန်တော်တို့ Process Cooling Water system ကို စပြီးတွက်လို့ရပါပြီ။ ကျွန်တော် လုပ်ခဲ့ဖူးတဲ့ Project တွေက PCW system အများစုဟာ Supply Water Temperature 15 Deg C လောက်ရှိပြီး Temperature Difference အနေနဲ့ 6 Deg C လောက်ရှိတာကြောင့် Return Water Temperature ကို 21 Deg C ခန့် ရှိတယ်လို့ Estimate တွက်ယူလို့ရပါတယ်။

Cleanroom တွေတည်ဆောက်တဲ့အခါ Existing Building တွေက Existing Facility system ထဲမှာရှိတဲ့ Chilled Water ဟာ 7 Deg C ခန့်ရှိတာကြောင့် ကျွန်တော်တို့ လိုအပ်တဲ့ 15 Deg C ကိုရဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်လိုချင်တဲ့ Water Temperature တစ်ခု ဖြစ်ဖို့အတွက် Secondary Chilled Water System or Process Cooling water system ကို Heat Exchanger (HEX) တွေကို သုံးပြီး ဖန်တီးယူရပါတယ်။ Heat Exchanger Cooling Capacity ကိုတွက်ဖို့အတွက် Q = mCp (T2 – T1) ဆိုတဲ့ ဖော်မြူလာကို သုံးပါတယ်။

FORMULA & CALCULATION
HEAT EXCHANGER SHOP DRAWING

အထက်ပါ ဖော်မြူလာကို သုံးပြီး Heat Exchanger (HEX) Cooling Capacity ကိုတွက်ယူလို့ ရပြီဆိုရင် ရလာတဲ့ Cooling capacity မှ တစ်ဆင့် Primary Chilled Water Requirements ကိုတွက်ယူရပါတယ်။ Formula ကတော့ အတူတူပါပဲ။ Delta T ကတော့ မတူပါဘူး။

Heat Exchanger ရဲ့ Primary Chilled Water Circuit (Cold Side) ရဲ့ Water flow rate Requirement သိပြီဆိုရင် Existing Facility System တွေထဲက Chilled Water လုံလောက်မှု ရှိ မရှိ စစ်ဆေးရပါတယ်။ လုံလောက်မှုမရှိရင် Design Engineer က Existing Chilled water system ကို upgrade လုပ်ဖို့ သက်ဆိုင်ရာ Facility Team ကိုအသိပေးရမှာပါ။ပုံမှာ ကျွန်တော် Hand Sketch ခြစ်ထားတဲ့ Heat Exchanger Schematic Diagram နဲ့ Calculation ကို တွဲပြီး ဖော်ပြပေးထားပါတယ်။Cooling Capacity နဲ့ လိုအပ်တဲ့ Water Flow တွက်ပြီးပြီဆိုရင် Supplier နဲ့ ညှိနှိုင်းပြီး Heat Exchanger Order မှာလို့ရပါပြီ။

PROCESS COOLING WATER SYSTEM (PCW) PART 1

  • Process Cooling Water system : Semiconductor industries တွေ အာရှနိုင်ငံတွေမှာ ဆောက်လုပ်လာတဲ့အခါ Production လုပ်ဖို့အတွက် Cleanroom or Control Environment တွေ လိုအပ်လာပါတယ်။ မြန်မာပြည်မှာလည်း တဖြည်းဖြည်း ဆောက်လာတော့မှာ ဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့ Cleanroom နဲ့ ပတ်သက်တာတွေကို လေ့လာသင့်နေပါပြီ။ဒီတစ်ခါမှာတော့ Semiconductor industries တွေမှာ အသုံးများတဲ့ Process Cooling Water System (PCW) အကြောင်းကို sharing လေးလုပ်ပေးချင်ပါတယ်။ကျွန်တော်တို့ Semicon သို့မဟုတ် အခြား Manufacturing တွေအတွက် Cleanroom တွေတည်ဆောက်တဲ့အခါ production လုပ်နိုင်ဖို့ သက်ဆိုင်ရင် Machines တွေပါလေ့ရှိပါတယ်။ ဒီ Machine တွေမှာ သက်ဆိုင်ရာ production အလိုက် လိုအပ်တဲ့ Utilities services တွေကို စီစဉ်ပေးရပါတယ်။ အဲ့ဒီ Production Machines တွေရဲ့ Utilities Requirements တွေကလည်း industries တစ်ခုနဲ့ တစ်ခု မတူညီကြပါဘူး။ ဒါပေမယ့် အကြမ်းဖျဉ်းတူညီတဲ့ Utilities services တွေ ရှိနေပါသေးတယ်။ အဲဒီ Utilities services တွေက ပုံမှန် HVAC system အောက်ကနေ ခွဲထွက်နေပြီးတော့ Process systems လိုခေါ်ဆိုကြပါတယ်။

Process systems တွေကို အကြမ်းဖျင်း၂ ခုခွဲခြားပြီး ခေါ်ဆိုကြပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့

  • 1. Process Wet
  • 2. Process Dry တို့ပဲ ဖြစ်ပါတယ်။

Process Wet အောက်မှာတော့

  • Process Cooling Water (PCW),
  • Deionized Water (DI),
  • Ultra Pure Water (UPW) စသည်ဖြင့် ပါဝင်ပြီး

Process Dry အောက်မှာ

  • Acid Exhaust (AEX)
  • Solvent Exhaust (SOX)
  • Caustic Exhaust (CAX)
  • General Exhaust (GEX)
  • Compressed Dry Air (CDA)
  • Process Vacuum (PV)
  • Central Vacuum (CV) or House Vacuum
  • Contamination Control Vacuum (CCV)
  • Scrubber Systemစသည်ဖြင့် ပါဝင်ကြပါတယ်။

အဲ့တော့ ကျွန်တော် ပြောပြချင်တဲ့ Process Cooling Water System (PCW) က Process Wet ထဲမှာ ပါဝင်နေပါတယ်။

ဘာကြောင့် PCW system လိုအပ်လဲ။Production Machine တွေဟာ အချိန်ပြည့် Run နေရတဲ့အခါမှာ Heat တွေများလာတာကြောင့် အပူချိန်ကို လျှော့ချချင်တာကြောင့်သော်လည်းကောင်း၊ အခြား Products တွေရဲ့ လိုအပ်ချက်အရသော်လည်းကောင်း PCW system ကို provide လုပ်ပေးဖို့ လိုအပ်ပါတယ်။PCW system နဲ့ Machine တွေရဲ့ Heat ကို ဘလိုလျှော့ချလဲ။Cleanroom ထဲက Production Machine တွေအများစုမှာ အပူချိန်ကို လျှော့ချဖို့ Cooling System တွေပါဝင်ပါတယ်။ Air-cooled or Water-cooled Machine တွေပါ။ Air-cooled ဆိုရင် Exhaust System တွေ တပ်ဆင်ပေးဖို့ လိုအပ်ပြီး Water-Cooled ဆိုရင် ရေကို Heat Transfer Medium အနေနဲ့ အသုံးပြုပြီး အပူချိန်ကို လျှော့ချ ကြပါတယ်။Water-cooled Machines တွေအတွက် PCW system ကို Provide လုပ်ပေးရတာပါ။ဥပမာ… Cleanroom တစ်ခုထဲမှာ Production အတွက် လုပ်ဆောင်နေတဲ့ Machines ၁၀ မျိုး ရှိတယ်ဆိုပါစို။ ကျွန်တော် Machine 1, Machine 2, etc… စသဖြင့်နာမည်ပေးထားပါမယ်။ Machine 1 to 5 က water-cooled ဖြစ်ပြီး Machine 6 to 10 က Air-cooled ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့က Machine 1 to 5 အတွက် PCW system ကို Design လုပ်ပြီး ပေးရမှာ ဖြစ်သလို Machine 6 to 10 က Ai-cooled ဖြစ်နေတဲ့အတွက် General Exhaust System ကို Provide လုပ်ပေးရမှာ ဖြစ်ပါတယ်။အဲ့တော့ PCW system ကို Design လုပ်ဖို့အတွက် လိုအပ်တဲ့ Data တွေကို ကျွန်တော်တို့က ရှာဖွေစုဆောင်းတတ်ဖို့ လိုအပ်လာပါပြီ။ PCW system မှာ Hot side နဲ့ Cold Side ဆိုပြီး ၂ ပိုင်းရှိပါတယ်။ Cold Side ကိုတော့ Primary Circuit လို့ ခေါ်ဆိုပြီး Hot Side ကိုတော့ Secondary Circuit လို့ခေါ်ပါတယ်။နောက်ပြီးတော့ PCW system မှာ ပါတဲ့ Equipments တွေဖြစ်တဲ့ Heat Exchanger, Process Cooling Water Pumps, Filters,PCW tank, etc… စသည်တို့ရဲ့ အလုပ်လုပ်ဆောင်ပုံတွေကို သိထားရမှာ ဖြစ်ပြီး ကိုယ်တိုင်လည်း တွက်ချက် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

HEAT EXCHANGER
HEAT EXCHANGER PIPING CONFIGURATION
HEAT EXCHANGER & PUMP

CLEANROOM EQUIPMETNS

Cleanroom Project တစ်ခုလုပ်ထားမယ်ဆို သိထားရမယ့် အခေါ်အဝေါ်များ
  • RAC – Return Air Chamber/Return Air Chase : Cleanroom ရဲ့ Air-condition System ဟာ Duct မပါပဲ လည်ပတ်နေတာဖြစ်တဲ့အတွက် Return Air Chamber တွေဆောက်ပြီး လေကို circulate လုပ်ပါတယ်။
RETURN AIR CHASE (RETURN AIR CHAMBER)

  • Perforated Raised Floor : Cleanroom အခန်းထဲက လေတွေကို Return Air chamber ဆီရောက်ဖို့အတွက် Perforated Raised Floor ကိုသုံးပါတယ်။ အခန်းထဲက လေတွေဟာ Floor က အပေါက်ငယ်လေးတွေမှတစ်ဆင့် အောက်ခြေအထိ ဆင်းသွားပြီး Return Air Chamber တွေကိုရောက်ပါတယ်။
PERFORATED RAISED FLOOR
PERFORATED RAISED FLOOR
  • Raised Floor Pedestal : Cleanroom Raised floor ကိုတပ်ဆင်တဲ့အခါ Raised floor ကို အောက်ကနေ support ပေးထားတာကိုခေါ်တာပါ။ Raised floor pedestal ကလည်း ထိလို့မရတဲ့အထဲမှာပါ ပါတယ်။
RAISED FLOOR PEDESTAL
RAISED FLOOR PEDESTAL
  • Change Room : Cleanroom ထဲကို မဝင်ခင်မှာ သတ်မှတ်ထားတဲ့ ဝတ်စုံတွေ ပြောင်းဝတ်တဲ့အခန်းကို ခေါ်တာပါ။
  • Air Shower : Change Room မှာ ဝတ်စုံတွေ ဝတ်ပြီးပြီဆိုတာနဲ့ Air shower ထဲကို ဝင်ရပါတယ်။ Air shower ထဲကိုရောက်တဲ့အချိန်မှာ အဝင်အထွက် တံခါးတွေ အလိုအလျောက်ပိတ်သွားပြီး Air shower ထဲမှာ ရှိတဲ့ Nozzles လေးတွေကတစ်ဆင့် လူရဲ့ တစ်ကိုယ်လုံးကို သန့်စင်သွားအောင် လေတွေနဲ့ မှုတ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်ပြည့်ရင် အလိုလျောက်ရပ်ပြီး တံခါးတွေ ပွင့်ပါတယ်။
AIR SHOWER
AIR SHOWER
AIR SHOWER
  • Exclusion Zone : Cleanroom ရဲ့ Floor တွေမှာ Exclusion zone ဆိုတာရှိပါတယ်။ အဲ့ဒီနေရာတွေမှာ M&E နဲ့ အခြား process System တွေကို တပ်ဆင်ခွင့်မရှိပါဘူး။ Space Management လုပ်တဲ့သူတွေအနေနဲ့ Exclusion Zone ကို သတိထားရပါမယ်။
  • Secondary Ceiling Support : Cleanroom Ceiling တွေကို တပ်ဆင်ဖို့အတွက် အရင်ဆုံး စပြီး တပ်ဆင်ရတဲ့ structure ပါ။
  • G.I Separator : Cleanroom Class အလိုက် ceiling အပေါ်နဲ့ floor အောက်မှာ ခွဲခြားတပ်ဆင်ပေးဖို့ G.I Separator ကိုသုံးပါတယ်။
  • Fan Filter Unit (FFU) : Return Air Chamber ထဲမှာ RA နဲ့ Treatment Air နှစ်ခု Mixing ဖြစ်ပြီးတဲ့အချိန်မှာ Cleanroom ထဲကို Supply Air ပြန်ထည့်ပေးဖို့ Fan Filter Unit ကိုသုံးပါတယ်။ Standard Size အနေနဲ့ 1200×600 FFU နဲ့ 1200×1200 FFU ဆိုပြီးရှိပါတယ်။ 1200×600 FFU က ၁ နာရီမှာ လေထုထည် ၁၀၀၀ ကုဗမီတာ ထောက်ပံ့ပေးနိုင်ပါတယ်။1200×1200 FFU ကတော့ ၁ နာရီမှာ လေထုထည် ၂၀၀၀ ကုဗမီတာ ထောက်ပံ့နိုင်ပါတယ်။
1200×600 FFU (Photo from Google)
1200×1200 FFU (Photo from Google)
  • HEPA Filter : High Efficiency Particulate Air လို့ခေါ်ဆိုပြီး FFU ခေါ် Fan Filter Unit မှာ တပ်ဆင်အသုံးပြုရပါတယ်။
  • Cleanroom Space Management : ဒါကတော့ M&E coordination လုပ်သလိုလုပ်ရတာပါ။ ဒါပေမယ့် မတူတာကတော့ သူ့မှာ အခြားအဆင့်တွေပါဝင်နေပါတယ်။ဘာတွေလဲ ဆိုတော့1. Above Ceiling Space Management 2. Below Raised Floor Space Management 3. Cleanroom Partition Space Management ဆိုပြီး အဆင့် သုံးဆင့်နဲ့ သွားရတာပါ။ နောက်ပိုင်းမှာ Space Management အကြောင်း သပ်သပ်ရေးပါမယ်။ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ရက်တွေမှာ အခြားသိသင့်တဲ့ အကြောင်းအရာ အခေါ်အဝေါ်တွေ ဆက်ပြီး ရေးသွားပေးပါ့မယ်။

CLEANROOM HVAC

Cleanroom HVAC

Cleanroom ဆိုတာ Special Manufacturing Process တွေအတွက် တည်ဆောက်ထားတဲ့ Special Environment လို့ ကျွန်တော် ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ Cleanroom M&E ထဲက ACMV System အောက်မှာ ဘာတွေ ပါလဲဆိုတော့

Chiller

Cooling Tower

Chilled Water Pump

Condenser Water Pump

Dry Coil (DC)

Heat Exchanger (HEX)

Dry Coil Heat Exchanger Pump

Fan Filter Unit (FFU)

Make Up Air Unit (MAU) စသည့် Equipment တွေ ပါဝင်ပါတယ်။

HEAT EXCHANGER

DRY COIL

အပေါ်က ဖော်ပြခဲ့တဲ့ Equipment တွေမှာ Chiller, Cooling Tower တွေ Pump တွေက အားလုံး ရင်းနီးပြီးသား ဖြစ်နိုင်ပေမယ့် Dry Coil, Heat Exchanger, Dry Coil Heat Exchanger Pump, Fan Filter Unit စတာတွေကတော့ ပုံမှန် ACMV system မှာ ပါဝင်တဲ့အရာတွေ မဟုတ်ပါဘူး။

DRY COIL INSTALLATION

Dry Coil ဆိုတာ Air Handling Unit ထဲက Cooling Coil လိုပါပဲ။ ဒါပေမယ့် Cooling Coil နဲ့ ကွာတဲ့အချက်ရှိပါတယ်။ ဘာကွာလဲ ဆိုတော့ Dry Coil က Condensation မဖြစ်ပါဘူး။ အဲ့ဒါကြောင့် Dry Coil လို့ ခေါ်တာပါ။ ပြီးတော့ Cooling Coil က AHU or MAU ရဲ့ အထဲမှာ ထည့်သွင်းတည်ဆောက်ထားပေမယ့် Dry Coil ကတော့ အပြင်မှာ ထုတ်ထားတာပါ။ ပိုရှင်းအောင် ပြောရရင် Dry Coil တွေကို Cleanroom ရဲ့ Ceiling အပေါ် ဒါမှမဟုတ် Raised floor အောက်မှာ တပ်ဆင်ထားတာပါ။ဘာကြောင့် Condensation မဖြစ်လဲ။ Condensation မဖြစ်အောင် ဘလိုလုပ်လဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ဆက်ပြီးလေ့လာကြည့်ရအောင်။ ဘာကြောင့် Condensation မဖြစ်လဲဆိုတော့ Dry coil ထဲ ဝင်တဲ့ water supply နဲ့ Return Temperature ကို Cleanroom ရဲ့ Dew Point Temperature အထက်မှာပဲ ထားတဲ့အတွက် condensation မဖြစ်တာပါ။ Cleanroom Dew point temperature ကိုသိဖို့အတွက်ဆို ကျွန်တော်တို့ Psychrometric Chart ကိုဖတ်တတ်ဖို့လိုပါတယ်။ psychometric chart ကနေ room dew point temperature သိပြီဆိုရင် dry coil ကိုပေးရမယ့် Supply and Return water temperature ကိုလည်း ခန့်မှန်းလို့ရပါပြီ။အဲ့လိုခန့်မှန်းလို့ရပီဆိုရင် Water Supply and Return Temperature ကို စဉ်းစားရပါတော့မယ်။ မစဉ်းစားခင်မှာ HVAC Engineers တွေအနေနဲ့ Chiller နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ chilled water supply and return temperature တွေ သိထားဖို့လိုပါတယ်။ Chilled water supply temperature က 6.5 Deg C to 7 Deg C ပတ်ဝန်းကျင်လောက်ရှိပါတယ်။ အဲ့တော့ အထက်ပါ အပူချိန်တွေဟာ ကျွန်တော်တို့ Design လုပ်မယ့် room ရဲ့ Dew Point Temperature အောက်ကို ရောက်နေတယ်ဆိုရင် condensation ဖြစ်ပါတော့မယ်။ အဲ့တော့ condensation မဖြစ်အောင် room ရဲ့ Dew point temperature အထက်ရှိတဲ့ water supply ကို Provide လုပ်ပေးရပါတယ်။ ဥပမာ Room ရဲ့ Dew Point Temperature က 9.5 Deg C ဆိုရင် chiller ကနေလာတဲ့ 7 Deg C chilled water ကိုပေးလို့မရပါဘူး။ 12 Deg C လောက်ရှိတဲ့ water ကို supply ပေးရပါမယ်။ 12 Deg C water supply ရအောင် ဘလိုလုပ်မလဲ….??? Heat Exchanger နဲ့ Pump တွေသုံးပြီး secondary chilled water circuit တစ်ခု ဖတ်တီးပေးဖို့ပါပဲ။ 7 Deg C ကနေ 12 Deg C ရအောင် Heat Exchange လုပ်ပြီး Dry Coil တွေကို Supply လုပ်ပေးတာပါ။

MAU (MAKE-UP AIR UNIT)

CLEANROOM RETURN AIR CHASE (RETURN AIR CHAMBER)

နောက်မှ Cleanroom ACMV အကြောင်း ဆက်ရေးပါဦးမယ်။ Dry coil နဲ့ Heat Exchanger ပုံတွေ လေ့လာလို့ရအောင် တစ်ခါတည်း တွဲပြီးဖော်ပြထားပါတယ်။