CLEANROOM INTRODUCTION

Cleanroom ဆိုတာ နည်းပညာမြင့်တဲ့ Special Industrial Product တွေ ၊ သိပ္ပံနဲ့ သုတေသန လုပ်ငန်းတွေ ၊ ဆေးဝါးဆိုင်ရာ သုတေသန လုပ်ငန်းတွေ ၊ Semiconductors ထုတ်လုပ်တဲ့ လုပ်ငန်းတွေ..camera sensor တွေ Lens တွေ စသဖြင့် လုပ်ငန်းတွေအတွက် အထူးစီမံထားတဲ့ အလွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို ခေါ်တာပါ။ 

Cleanroom တွေကို ဘလိုဒီဇိုင်းလုပ်လဲဆိုတော့ လေထုထဲမှာ particles လေးတွေ, airborne လေးတွေနည်းအောင် , လေထုထဲမှာ ရေငွေ့ပါဝင်တဲ့နှုန်း (RH) နည်းအောင် အထူး ဒီဇိုင်းနဲ့ ဆောက်လုပ်ကြပါတယ်။ 

Cleanroom တွေရဲ့ သန့်စင်မှု level ကို 1 cubic meter (1 m3) မှာ ပါဝင်တဲ့ အမှုန်ပမာဏ (number of particles per cubic meter)နဲ့သတ်မှတ်ထားပါတယ်။  မြို့ပြပတ်ဝန်းကျင်မှာ ရှိတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင် လေထုမှာ ယေဘူယျအားဖြင့် အသေးဆုံး 0.5 micrometer size ရှိတဲ့ Particles လေးကနေ အခြား particles ပေါင်း 35 million (35,000,000) ပါဝင်တယ်လို့ မှတ်သားဘူးပါတယ်။

Cleanroom တွေမှာဆိုရင်တော့ အလွန်သန့်စင်အောင် လုပ်ထားတာ ဖြစ်လို့ ပုံမှန်လေထုထက် အများကြီး ပိုပြီး သန့်ရှင်းပါတယ်။ Cleanroom တွေကို Class 10, class 100, class 1000 (1k), Class 10000 (10k) ,… etc စသဖြင့် အမျိုးအစား ခွဲခြားနိုင်သလို   ISO class 1, ISO class 2, 3… စသဖြင့် 1 Cubic meter (1 m3) မှာပါဝင်တဲ့ particles ပမာဏ, အရွယ်အစားသတ်မှတ်ပြီး အမျိုးအစား ခွဲခြားထားပါတယ်။ ကျွန်တော် Cleanroom အကြောင်း ဒုတိယပိုင်းတင်ရင် Cleanroom classifications အကြောင်း ထပ်ရေးပေးပါ့မယ်။

Cleanroom မှာ ဘာ System တွေပါလဲ…

အဓိက အားဖြင့်တော့ M&E system တွေဖြစ်တဲ့ HVAC, Fire Protection, Electrical, ELV, Plumbing and Sanitary …ဒါတွေအပြင် Cleanroom ရဲ့ Particles ပမာဏကို ထိန်းချုပ် စစ်ယူပေးမယ့်HEPA filters တွေ, FFU လို့ခေါ်တဲ့ Fan Filter Units တွေ, Cleanroom အတွက် အဓိက Aircon System အတွက်Dry Coil တွေ, make up air unit လို့ခေါ်တဲ့ outdoor air ကို Treatment လုပ်ပေးတဲ့MAU တွေပါ ပါတယ်။ 

ဒါ့အပြင် Cleanroom ထဲမှာရှိတဲ့ စက်ပစ္စည်းတွေရဲ့ Technical Requirements အပေါ်မူတည်ပြီး Compressed Air System (CDA), Process Vacuum System (PV) , Process Cooling Water System (PCW), Nitrogen (N2), စတဲ့ utilities တွေစီစဉ်ပေးရသလို General Exhaust System (GEX), Solvent Exhaust System (SOX) , Acid Exhaust System (AEX) ,စတဲ့ Exhaust System တွေကို Scrubbers တွေနဲ့ တွဲပြီး ဒီဇိုင်း လုပ်ပေးရသလို Electrical system တွေလည်း တပ်ဆင်ပေးရပါတယ်။  Make Up Air (MAU) ရဲ့ Capacity ကိုလည်း Cleanroom ရဲ့ Exhaust Requirements အပေါ် မူတည်ပြီး ဒီဇိုင်းလုပ်ရပါတယ်။ 

Solvent Exhaust, Acid Exhaust , Alkaline Exhaust စသဖြင့် Chemical Exhaust တွေပါဝင်လာပြီဆိုရင် ဆက်စပ်နေတဲ့ Scrubbers တွေပါ ပါဝင်လာပါပြီ။

Cleanroom တွေကို Positive Pressure ဖြစ်အောင် ဒီဇိုင်းလုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ Cleanroom ထဲမှာ Positive Pressure ဖြစ်နေမှသာ ပြင်ပက လေတွေ အမှုန်တွေ ဝင်မလာနိုင်မှာပါ။ လွယ်လွယ်ပြောရရင် ကျွန်တော်တို့ အခန်းတစ်ခုကို အလုံပိတ်ပြီး Mechanical Fan တွေနဲ့ လေမှုတ်သွင်းတဲ့အခါ အခန်းထဲမှာ လေတွေ တဖြည်းဖြည်း ပြည့်လာပါတယ်။ အဲ့တော့ ဒီအခန်းထဲ လေတွေ ပြည့်နေတဲ့အတွက် ပြင်ပလေကို လက်ခံဖို့ နေရာမရှိပါဘူး။ အဲ့တော့ အခန်းထဲက လေပမာဏက များနေလို့ ပြင်ပက လေတွေ အမှုန်တွေ ဝင်လာနိုင်စရာ အကြောင်း မရှိတော့ပါဘူး။ ဒါဟာ အခန်းထဲမှာ Positive Pressure ဖြစ်နေတဲ့ ဆိုတဲ့ အနေအထားကို ဥပမာအနေနဲ့ ပြောပြတာပါ။

အဲ့တော့ အကြမ်းဖျင်းပြောရရင် Cleanroom HVAC system (Heating, Ventilation and Air-conditioning) System မှာ Air Side နဲ့ Water Side ဆိုပြီး ရှိပါတယ်။

Air Side မှာ 

Make up air Unit (MAU)

Fan Filter Unit (FFU) 

စသဖြင့် ပါဝင်ပြီး

Water Side မှာတော့

Chiller 

Cooling Tower

Chilled Water Pump

Condenser Water Pump

Plate Heat Exchangers

Dry Coil

Dry Coil Heat Exchanger Pump…

စတဲ့ Equipment တွေပါ ပါတယ်။

Mechanical Engineer တစ်ယောက်အနေနဲ့ အထက်ဖော်ပြပါ Equipment တွေရဲ့ လုပ်ဆောင်ချက်တွေကို သိမှ Cleanroom ရဲ့ အအေးပေး စနစ်ကို နားလည်မှာပါ။

CLEANROOM CONSTRUCTION
CLEANROOM CONSTRUCTION